အကောင့်ဝင်ရန်
ဝဘ်ဆိုဒ်ဟောင်း

မေးလေ့ရှိသောမေးခွန်းများ

Winnerstel (Well) ကဒ်ဖုန်းအတွက်ဖုန်းဘေလ်ဘယ်လိုဖြည့်ရမလဲ?

  • 010PAY
  • ရက်စွဲ 2026-11-09
  • ကြည့်ရှုမှု 253
Winnerstel (Well) ကြိုတင်ငွေဖြည့်ဖုန်းကဒ်ကို 010PAY မှတစ်ဆင့် အဖွဲ့ဝင်စာရင်းသွင်းရန်၊ Login ဝင်ရန် (သို့) App ဒေါင်းလော့လုပ်ရန်မလိုအပ်ဘဲ တိုက်ရိုက်ငွေဖြည့်နိုင်ပါသည်။ ပထမဆုံးမျက်နှာပြင်တွင် ငွေဖြည့်လိုသော ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်ပါက ဖုန်းကဒ်အမျိုးအစားလိုင်းကို Winnerstel အဖြစ် အလိုအလျောက်စစ်ဆေးပေးပြီး လက်ရှိအသုံးပြုနေသောနှုန်းထားအမျိုးအစား (ရိုးရိုးပြည်တွင်းကဒ် /လစဉ်ကြေးနှုန်းထား) ကိုလည်း အလိုအလျောက်ရွေးချယ်ပေးပါသည်။
1. ငွေဖြည့်လိုသော Winnerstel ကြိုတင်ငွေဖြည့်ဖုန်းနံပါတ်ကိုဖြည့်စွက်ပါ။ (ဖုန်းကဒ်အမျိုးအစားလိုင်းကို အလိုအလျောက်စစ်ဆေးပေးပါသည်။)
2. ငွေဖြည့်မည့်ပမာဏကို ရွေးချယ်ပြီး ငွေပေးချေပါ။ ယာယီဘဏ်အ ကောင့်မှတဆင့်ငွေလွှဲပေးချေခြင်း /Debit Card / Credit Cardများမှတဆင့် ပေးချေခြင်း)
ငွေပေးချေမှု အောင်မြင်ပြီးပါက Winnerstel ဖုန်းရုံးမှ အချိန်နှင့်တစ်ပြေးညီ အလိုအလျောက်စစ်ဆေးပေးပြီး ပုံမှန်အားဖြင့် မိနစ်အနည်းငယ်အတွင်း ငွေဖြည့်သွင်းခြင်း အောင်မြင်ပြီးစီးပါသည်။
တစ်နှစ်ပတ်လုံး ၂၄ နာရီအချိန်မရွေး ငွေဖြည့်နိုင် သလို ဘေလ်ဖြည့်ဝန်ဆောင်ခသီးသန့်ပေးရန်မလိုအပ်ဘဲ ၀ ဝမ် (အခမဲ့) ဖြစ်ပါသည်။
ငွေပေးချေပြီးနောက် မိနစ် ၃၀ ကြာသည်အထိ ငွေဖြည့်သွင်းမှု မပြီးစီးသေးပါကဆားဗစ်စင်တာ1666-0146 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။