အကောင့်ဝင်ရန်
ဝဘ်ဆိုဒ်ဟောင်း

မေးလေ့ရှိသောမေးခွန်းများ

친구모바일(Chingu Mobile) ကြိုတင်ငွေဖြည့်ဖုန်းကဒ်ကိုနိုင်ငံခြားသားများလည်း အဖွဲ့ဝင်စာရင်းသွင်းရန်မလိုဘဲ ငွေဖြည့်နိုင်ပါသလား?

  • 010PAY
  • ရက်စွဲ 2026-11-09
  • ကြည့်ရှုမှု 80
Chingu Mobile (친구모바일) ကြိုတင်ငွေဖြည့်ဖုန်းကဒ်ကို 010PAY မှတစ်ဆင့် မည်သူမဆို၊ မည်သည့်ဗီဇာအမျိုးအစားကိုင်ဆောင်ထားသူမဆို ဖုန်းနံပါတ်တစ်ခုတည်းဖြည့်စွက်ရုံဖြင့် ငွေဖြည့်နိုင်ပါသည်။
နိုင်ငံခြားသားအိုင်ဒီကဒ်နံပါတ် ထည့်ရန် သို့မဟုတ် မိမိကိုယ်တိုင်ဖြစ်ကြောင်း အတည်ပြုရန် မလိုအပ်ပါ။ အဖွဲ့ဝင်စာရင်းသွင်းရန်လည်း မလိုအပ်ပါ။
ထို့အပြင် အသုံးပြုသည့် မျက်နှာပြင်ဘာသာစကားကို ကိုရီးယားဘာသာအပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ် စသည့် ဘာသာစကား ၁၈ မျိုးအထိ ပြောင်းလဲအသုံးပြုနိုင်ပါသည်။
1. ငွေဖြည့်လိုသော Chingu Mobile ဖုန်းနံပါတ်ကို ဖြည့်စွက်ပါ။ (Chingu Mobile ဖုန်းကဒ် ဖြစ်ကြောင်း အလိုအလျောက် စစ်ဆေးပေးပါသည်။)
2. အသုံးပြုနေသောနှုန်းထားအမျိုးအစား (ရိုးရိုးပြည်တွင်းကဒ် /လစဉ်ကြေးနှုန်းထား) ကို အလိုအလျောက် ရွေးချယ်ပေးပြီးနောက် ငွေဖြည့်လိုသော ပမာဏကို ရွေးချယ်ပါ။
3. ယာယီဘဏ်အ ကောင့်မှတဆင့်ငွေလွှဲပေးချေခြင်း (Nonghyup (농협)/KB Kookmin Bank (국민은행)/Shinhan Bank (신한은행)/Woori Bank (우리은행)/IBK Industrial Bank (기업은행)/Korea Post (우체국)/Hana Bank (하나은행) သို့မဟုတ် Debit Card / Credit Card, ဖုန်းဘေလ်ဖြင့် ငွေပေးချေခြင်း, လွယ်ကူသော အွန်လိုင်းငွေပေးချေမှုများထဲမှ နှစ်သက်ရာနည်းလမ်းဖြင့် ပေးချေနိုင်
ယာယီဘဏ်အ ကောင့်မှတဆင့် ငွေလွှဲပြီးသည်နှင့် အလိုအလျောက် ငွေဖြည့်ပေးပါသည်။ ထို့အပြင် ငွေပေးချေမှု အတည်ပြုပြီးကြောင်း SMS စာတိုကိုလည်း ပေးပို့ပေးပါသည်။
တစ်နှစ်ပတ်လုံး ၃၆၅ ရက်၊ ၂၄ နာရီ ငွေဖြည့်နိုင်ပါသည်။
ငွေဖြည့်ဝန်ဆောင်ခ 0 ဝမ် (အခမဲ့) ဖြစ်ပါသည်။
ငွပေးချေပြီးနောက် မိနစ် ၃၀ ကြာသည်အထိ ငွေဖြည့်သွင်းမှု မပြီးစီးသေးပါကဆားဗစ်စင်တာ1666-0146 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆားဗစ်စင်တာ အလုပ်ချိန် ( တနင်္လာနေ့မှ သောကြာနေ့အထိ: 09:00–21:00 )
( စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ: 10:00–19:00 )