အကောင့်ဝင်ရန်
ဝဘ်ဆိုဒ်ဟောင်း

မေးလေ့ရှိသောမေးခွန်းများ

Mobing (모빙) ကြိုတင်ငွေဖြည့်ဖုန်းကို ဘယ်နေရာမှာ ငွေဖြည့်နိုင်ပါသလဲ?

  • 010PAY
  • ရက်စွဲ 2026-11-09
  • ကြည့်ရှုမှု 90
Mobing (모빙) ကြိုတင်ငွေဖြည့်ဖုန်းကဒ်အတွက် 010PAY မှတစ်ဆင့် ဖုန်းနံပါတ်သာ ဖြည့်စွက်ရုံဖြင့် ချက်ချင်း ငွေဖြည့်နိုင်ပါသည်။
Mobing App သို့မဟုတ် ဝက်ဘ်ဆိုက်တွင် Login ဝင်ရန် မလိုအပ်သည့်အပြင် ဖုန်းကဒ်အမျိုးအစားအမည်ကို သီးခြားရွေးချယ်ရန်လည်း မလိုအပ်ပါ။ ဖုန်းနံပါတ်ကိုဖြည့်စွက်လိုက်သည်နှင့် Mobing ဖုန်းလိုင်းဖြစ်ကြောင်း အလိုအလျောက် စစ်ဆေးပေးပါသည်။
1. ငွေဖြည့်လိုသော Mobing ကြိုတင်ငွေဖြည့်ဖုန်းနံပါတ်ကိုဖြည့်စွက်ပါ။ (ဖုန်းကဒ်အမျိုးအစားလိုင်းကို အလိုအလျောက်စစ်ဆေးပေးပါသည်။)
2. လက်ရှိအသုံးပြုနေသောနှုန်းထားအမျိုးအစား (ရိုးရိုးပြည်တွင်းကဒ် /လစဉ်ကြေးနှုန်းထား) ကို အလိုအလျောက်ရွေးချယ်ပေးပြီးနောက် ငွေဖြည့်လိုသော ပမာဏကို ရွေးချယ်ပါ။
3. ယာယီဘဏ်အ ကောင့်မှတဆင့်ငွေလွှဲပေးချေခြင်း /Debit Card / Credit Card, ဖုန်းဘေလ်ဖြင့် ငွေပေးချေခြင်း, လွယ်ကူသော အွန်လိုင်းငွေပေးချေမှုများထဲမှ နှစ်သက်ရာနည်းလမ်းဖြင့် ပေးချေနိုင်
တစ်နှစ်ပတ်လုံး 365 ရက်၊ 24 နာရီ အချိန်မရွေး ဘေလ်ဖြည့်နိုင်သလို ငွေဖြည့်ဝန်ဆောင်ခ 0 ဝမ် (အခမဲ့) ဖြစ်ပါသည်။
ဖုန်းဘေလ်လက်ကျန် ကုန်ဆုံးပြီး မိမိမှတခြားနံပါတ်သို့ ဖုန်းခေါ်ဆိုလို့မရခြင်းများ မဖြစ်ပေါ်မီ ကြိုတင်ငွေဖြည့်ထားပါက မိမိ၏ဖုန်းနံပါတ်ကို ဆက်လက်ရေရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ်
010PAY ရဲ့ ပထမဆုံးစာမျက်နှာရှိ "충전 결과 조회 (ငွေဖြည့်မှုရလဒ် စစ်ဆေးရန်)" ကိုနှိပ်ပြီး ဖုန်းနံပါတ်တစ်ခုတည်းဖြင့် ငွေဖြည့်မှုအခြေအနေကို စစ်ဆေးနိုင်ပါသည်။
ငွေပေးချေပြီးနောက် မိနစ် ၃၀ ကြာသည်အထိ ငွေဖြည့်သွင်းမှု မပြီးစီးသေးပါကဆားဗစ်စင်တာ1666-0146 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။