Antion (앤티온) က ဝန်ဆောင်မှုပေးနေသော Tori Mobile (토리모바일) ကြိုတင်ငွေဖြည့်ဖုန်းကဒ်ကို 010PAY မှတစ်ဆင့် ငွေဖြည့်နိုင်ပါသည်။
SIM ကတ် သို့မဟုတ် ဖုန်းလိုင်းလျှောက်ထားသည့် စာရွက်စာတမ်းများတွင် "앤티온 (Antion)" ဟု ရေးထားသော်လည်း ပြဿနာမရှိပါ။ ဖုန်းနံပါတ်ကိုသာ ဖြည့်စွက်လိုက်ပါက Tori Mobile အဖြစ် အလိုအလျောက် စစ်ဆေးပေးသောကြောင့် ဖုန်းကဒ်အမျိုးအစားအမည်ကို အတိအကျ သိထားရန် မလိုအပ်ပါ။
1. ငွေဖြည့်လိုသော Tori Mobile ဖုန်းနံပါတ်ကို ဖြည့်စွက်ပါ။ (ဖုန်းကဒ်အမျိုးအစားလိုင်းကို အလိုအလျောက်စစ်ဆေးပေးပါသည်။)
2. လက်ရှိအသုံးပြုနေသောနှုန်းထားအမျိုးအစား (ရိုးရိုးပြည်တွင်းကဒ် /လစဉ်ကြေးနှုန်းထား) ကို အလိုအလျောက်ရွေးချယ်ပေးပြီးနောက် ငွေဖြည့်လိုသော ပမာဏကို ရွေးချယ်ပါ။
3. ယာယီဘဏ်အ ကောင့်မှတဆင့်ငွေလွှဲပေးချေခြင်း /Debit Card / Credit Card, ဖုန်းဘေလ်ဖြင့် ငွေပေးချေခြင်း, လွယ်ကူသော အွန်လိုင်းငွေပေးချေမှုများထဲမှ နှစ်သက်ရာနည်းလမ်းဖြင့် ပေးချေနိုင်
မိမိ၏ဖုန်းနံပါတ်သာမက မိသားစုဝင်များ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များ၏ Tori Mobile ဖုန်းနံပါတ်ကိုလည်း သိထားရုံဖြင့် ကိုယ်စား ငွေဖြည့်ပေးနိုင်ပါသည်။
ငွေပေးချေမှု အောင်မြင်ပြီးပါက Tori Mobile ဖုန်းရုံးမှ အချိန်နှင့်တစ်ပြေးညီ အလိုအလျောက်စစ်ဆေးပေးပြီး ပုံမှန်အားဖြင့် မိနစ်အနည်းငယ်အတွင်း ငွေဖြည့်သွင်းခြင်း အောင်မြင်ပြီးစီးပါသည်။
တစ်နှစ်ပတ်လုံး 365 ရက်၊ 24 နာရီ အချိန်မရွေး ဘေလ်ဖြည့်နိုင်သလို ငွေဖြည့်ဝန်ဆောင်ခ 0 ဝမ် (အခမဲ့) ဖြစ်ပါသည်။
ငွပေးချေပြီးနောက် မိနစ် ၃၀ ကြာသည်အထိ ငွေဖြည့်သွင်းမှု မပြီးစီးသေးပါကဆားဗစ်စင်တာ1666-0146 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။